ရည်ရွယ်ချက်များ (Objectives)

၁။ မိမိကိုယ်တိုင်ရော တခြားသူပါ အင်ဂျင်နီယာ ဗဟုသုတ တိုးပွားရန်အတွက် အပြန်အလှန် ဆွေးနွေးတိုင်ပင်ကြရန်၊
1. To widen engineering knowledge of forum members by interactive discussion in the forum.

၂။ လုပ်ငန်းပိုင်ဆိုင်ရာ နှင့် သင်ကြားရေး (သို့မဟုတ်) သုတေသန ဆိုင်ရာ ပြဿနာ များ နှီးနှောဆွေးနွေး အဖြေရှာရန်။
2. To discuss and find the best or optimum solutions to industrial, learning and research-related engineering problems faced by the members.

၃။ အဖွဲ့ ၀င်များ၏ Engineering English တိုးတက်လာစေရန်
3. To strengthen the members' career by promoting the engineering English skills including technical writing, communication skills, presentation skills and illustration skills etc.

၎။ အဖွဲ့ဝင်များအတွင်း သက်ဆိုင်ရာ Specialization အလိုက် နည်းပညာ ကွာဟမှု နည်းပါးစေရန်။
4. To narrow the gap of engineering knowledge and technolgy among different members

၅။ သိသင့်သိထိုက်သည့်နည်းပညာများ လေ့လာသိရှိနိုင်ရန် နည်းလမ်းညွှန်ပြဆွေးနွေးနိုင်စေရန်
5. To point out what should be learnt and to guide the best possible ways to implement the learnning scheme in order that all on-going technologies can be reached by the members.

၆။ အဖွဲ့ဝင်များအတွင်း နှီးနှောဖလှယ်မှု၊ မေတ္တာတရားတို့ကို ရှေ့တန်းတင်ပြီး အကောင်းမြင်သောနည်းဖြင့်အင်ဂျင်နီယာ ပန်းတိုင်များချမှတ် အကောင်အထည်ဖော်နိုင်ရန်
6. To set engineering goals and implement them positively by taking the advantages of active participation, discussion and loving kindness among members

စည်းကမ်းများ (Rules of Games)

၁။ Engineering Education and Practice၊ မိမိကြုံတွေ့နေရသော အင်ဂျင်နီယာပိုင်းဆိုင်ရာ ပြဿနာများ နှင့် ပတ်သက်သော မေးခွန်းများ ကို လုပ်ငန်းပိုင်းဆိုင်ရာ (သို့ ) သုတေသန ပိုင်းဆိုင်ရာ နှင့် ဆက်စပ် မေးမြန်းရမည်။
1. All questions or problems related to engineering research, practice, industry etc. should be posted with the sufficient related explanation.

၂။ မေးခွန်းများကို အကိုးအကား၊ အထောက်အထားများနှင့်တကွ ဖြေဆို အကြံပြုရမည်။
2. Answers to the above problems should be provided with enough references and evidences. This may not be an academic work. Industrial case study should be very fine.

၃။ ဤဖိုရမ် နှင့် ပတ်သက်သော Post များကို "Engineering Forum" ဟု Label တပ်၍ တင်ရမည်။
3. All posts must be categorized under "Engineering Forum".

၎။ အင်္ဂလိပ်စာတိုးတက်မှုကိုရည်ရွယ်ထားသောကြောင့် ပထမဦးစားပေး အင်္ဂလိပ်လိုရေးသားကြရမည်။ (Engineering Forum အတွက်သာ)
4. English is supposed to be used in the forum since one of the main aim is to improve English language skills of the members.

၅။ ဆွေးနွေးသည့်အခါ ပုဂ္ဂိုလ်ရေး ဦးတည်ချက်မထားဘဲ အကြောင်းအရာပေါ်တွင်သာ ဦးတည်ဆွေးနွေးရမည်။
5. No personal approach or attack is allowed in the forum. Discussion must be centered in the engineering issues.

၆။ Specialization အလိုက် ဆွေးနွေးမှုများ ပိုမိုတွင်ကျယ်လာပါက ဖိုရမ်ခွဲများ subforum ကို ဖွဲ့စည်း ဆွေးနွေးစေမည်။
6. It is suggested that subforums are established in case there are members of different specializations and their discussions are quite comparatively interactive.

၇။ အများသိရန်မလိုအပ်သည့် အမှားအယွင်းအသေးအဖွဲများကို gtalk မှတဆင့် ကူညီအသိပေးရမည်။
7. Small odds and ends should be directed to the users by their personal e-mails or chat etc.

စိတ်မီးအိမ် အင်ဂျင်နီယာ ဖိုရမ် ဥယျာဉ်မှူးများ
Seitmeeain Engineering Forum Moderators

Wednesday, May 28, 2008

ဘာကြောင့် ပိုးမွှားစက်ရုပ် တွေ တီထွင်ဖို့ လိုအပ်သလဲ။

ဤမေးခွန်း၏ အဖြေကို မစူးစမ်းမှီ တုပဇီဝဗေဒ ဟု ခေါ်သည့် Biomimetics ဆိုသော ဘာသာရပ် အကြောင်း စတင်ဆွေးနွေးရပေမည်။ Biomimetics ဆိုသော စကားလုံးသည် Bio ဟူသော ရှေ့ဆက်စကားလုံး နှင့် mimetic ဆိုသော ပင်မ စကာလုံး တို့ကို ပေါင်းစပ်၍ တည်ဆောက် ထားခြင်းဖြစ်သည်။

Bio ဟူသော ရှေ့ဆက်စကားလုံးသည် သက်ရှိအရာများ ကို ကိုယ်စားပြုသည်။
Mimetic သည် တစုံတခုအားတုပသည် ဟု အဓိပ္ပာယ်ဆောင်သော mimic ဆိုသည့် စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။

ထို့ကြောင့် Biomimetics ဆိုသည်မှာ သက်ရှိတို့၏ ခန္ဓာကိုယ် ယန္တရား တည်ဆောက်ပုံ၊ ဖွဲ့စည်းတည်ရှိပုံ၊ အလုပ်လုပ်ကိုင်ပုံ စသည့် ဖြစ်စဉ်များကို တုပလုပ်ဆောင်နိုင်သော သက်မဲ့ စက်ရုပ်များတီထွင်အသုံးချခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။ ထို့ပြင် ၎င်းတို့နှင့် ပတ်သက်သည့်အကြောင်းအရာ များကို လေ့လာသော ဘာသာရပ် ဟုလည်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။

အတိုချူပ်အားဖြင့် Biomimetics အား တုပဇီဝဗေဒ ဟု အဓိပ္ပာယ် ဖွင့်ဆို နိုင်ပေသည်။

Robotics စက်ရုပ်ဗေဒ အား Biomimetics တုပဇီဝဗေဒ ၏ ဘာသာခွဲ တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ စက်ရုပ်ဗေဒ ဟု ပြောဆိုရာတွင် လူသားတို့ ကို တုပ၍ လူသားတို့၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးစွမ်းနိုင်သော စက်ရုပ်များ တီထွင်အသုံးပြုခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။

ထိုသို့ တီထွင်သုံးစွဲရာတွင် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ လူတို့၏ တွေးခေါ်မှု ဥာဏ်ရည် ကို စက်ရုပ်များ၏ မှတ်ဥာဏ်တွင် မည်ကဲ့သို့ ထည့်သွင်းသုံးစွဲမည်နည်း ဟူသော မေးခွန်းပင်ဖြစ်သည်။
ဥပမာ-
မြန်နှုန်းမြင့် ပရော်စက်စာ များ အသုံးပြု၍ ပုံမှန် လမ်းကြောင်းအတိုင်း သွားစေရန် ခိုင်းစေထားသော လမ်းလျှောက်စက်ရုပ်သည် သူ၏ လမ်းကြောင်းတွင် အုတ်ခဲ ကဲ့သို့သော အဟန့်အတားများတွေ့ရှိပါက မည်သို့ တုန့်ပြန် ကျော်လွှားသွားမည်နည်း။ ထိုကဲ့သို့သော အခြေအနေမျိုးကို စက်ရုပ်လူသားက ကျော်လွှားသွားနိုင်စေရန် မည်သို့သော အထူးအမိန့်များ ထည့်သွင်း စေခိုင်းမည်နည်း။ ဤနေရာတွင် လမ်းလျှောက်နေသော လူသားတယောက်၏ ဦးနှောက်သည် လမ်းလျှောက်နေစဉ် အဟန့်အတားများတွေ့ရှိပါက မည်သို့ တုန့်ပြန်၍ ခြေ၊လက်များကို မည်သို့ ခိုင်းစေသည် ကို ရှေးဦးစွာ လေ့လာရန် လိုအပ်ပေမည် ။ လေ့လာတွေ့ရှိချက်များအပေါ် မူတည်၍ စက်ရုပ်များကို လိုအပ်သလို ပရိုဂရမ်များ ဖြည့်စွက် ထည့်သွင်း ခိုင်းစေရမည် ဖြစ်သည်။ သို့ရာတွင် ထိုသို့ လေ့လာ၊ပရိုဂရမ်သွင်း၊အမိန့်ပေးခိုင်းစေ ရမည်မှာ ခက်ခဲနိုင်သကဲ့သို့ တွေ့နိုင်ခြေရှိသော အဟန့်အတား အခြေအနေများသည်လည်း အမျိုးမျိုးကွဲပြားနိုင်ပေသည်။ ထို့ကြောင့် အခက်အခဲအမျိုးမျိုးကို ကျော်လွှားနိုင်သော စက်ရုပ်များတီထွင်ရာတွင် ကုန်ကျစရိတ် အဆမတန် မြင့်မားနိုင်သကဲ့သို့ အချိန်ကြာမြင့်ကာ လိုအပ်သလောက် ထိရောက်နိုင်မည် မဟုတ်သည်မှာ ထင်ရှားလှပေသည်။
ထိုအခက်အခဲ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် သိပ္ပံပညာရှင်များ စုပေါင်း စဉ်းစား အဖြေရှာနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။ နောက်ဆုံးရရှိသည့် အသင့်တော်ဆုံးသော အဖြေမှာ Insect Robot ဟုခေါ်သော ပိုးမွှားစက်ရုပ်များတီထွင်အသုံးချရန်ပင် ဖြစ်သည်။ ပိုးမွှားစက်ရုပ်များကို ရွေးချက် ရန် ဆုံးဖြတ်ရသော အဓိက အကြောင်းအရင်းများမှာ
၁။ ပိုမွှား အင်းဆက်များသည် လူကဲ့သို့ မြင့်မားသော ဦးနှောက်၊ဥာဏ်ရည်မရှိသော်လည်း လူ့ထက်သာလွန်သော ပျံသန်းခြင်း၊ နေရာ များကို တိကျစွာ မှတ်သားနိုင်ခြင်း စသည့် ၀ိသေသများ ရှိနေခြင်း၊
၂။ အဟန့်အတားများ၊ အခက်အခဲများ နှင့် တွေ့ကြုံသောအခါ လိုအပ်သလို ယိမ်းနွဲ့ လုပ်ရှားနိုင်သော ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ ရှိခြင်း
တို့ပင် ဖြစ်ပေသည်။
ထိုကြောင့် လိုအပ်သော အသုံးပြုမှု များအတွက် ပိုမို နိမ့်သော မှတ်ဥာဏ်တု နှင့် ပိုမို ယိမ်းနွဲ့၍ အခြေအနေ၏တောင်းဆိုချက်အရ လိုအပ်သလို ပြုပြင်ဖွဲ့စည်းနိုင်သော ခန္ဓာကိုယ် ရှိသော စက်ရုပ်များကို တည်ဆောက်လိုပါက ပိုးမွှားများကို တုပရမည်ဖြစ်ပေသည်။
အထက်ပါ ဆွေးနွေးခဲ့သော အချက်များကို အခြေခံပြီး ပိုးမွှားစက်ရုပ်များကို စူးစမ်းလေ့လာ၊အဖြေရှာ၊သုတေသန ပြု၍ ကမ္ဘာတွင် စတင်တည်ဆောက် အသုံးပြုနေပြီဖြစ်သည်။ ထို့ကြောင့် တုပပိုးမွှားဗေဒသည် ယနေ့အချိန်တွင် အလွန်တက်ကြွသော သုတေသန နယ်ပယ် တစ်ခုအဖြစ် ရပ်တည်လျက်ရှိပေသည်။
သို့ဖြစ်ပါ၍ မြန်မာပြည်သူ၊ပြည်သားများ ဗဟုသုတ အလို့ငှာ အတွေးနယ်ချဲ့နိုင်စေရန် တုပပိုမွှားဗေဒ ၏ အခြေခံ သဘောတရားများကို မိတ်ဆက် ဆွေးနွေးလိုက်ရခြင်းဖြစ်ပေသည်။

စာကိုး
၁။ The Buzz about Insect Robots, Web Source: http://www.science.org.au/nova/084/084print.htm

1 comment:

ဘလူးဖီးနစ် said...

ကောင်းတယ်ဗျို့။ စိတ်ဝင်စားမိပါတယ်။ ကျွန်တော့်ဆီလဲ လာလည်ပါဦးခင်ဗျာ။
http://engineer4myanmar.com