ရည်ရွယ်ချက်များ (Objectives)

၁။ မိမိကိုယ်တိုင်ရော တခြားသူပါ အင်ဂျင်နီယာ ဗဟုသုတ တိုးပွားရန်အတွက် အပြန်အလှန် ဆွေးနွေးတိုင်ပင်ကြရန်၊
1. To widen engineering knowledge of forum members by interactive discussion in the forum.

၂။ လုပ်ငန်းပိုင်ဆိုင်ရာ နှင့် သင်ကြားရေး (သို့မဟုတ်) သုတေသန ဆိုင်ရာ ပြဿနာ များ နှီးနှောဆွေးနွေး အဖြေရှာရန်။
2. To discuss and find the best or optimum solutions to industrial, learning and research-related engineering problems faced by the members.

၃။ အဖွဲ့ ၀င်များ၏ Engineering English တိုးတက်လာစေရန်
3. To strengthen the members' career by promoting the engineering English skills including technical writing, communication skills, presentation skills and illustration skills etc.

၎။ အဖွဲ့ဝင်များအတွင်း သက်ဆိုင်ရာ Specialization အလိုက် နည်းပညာ ကွာဟမှု နည်းပါးစေရန်။
4. To narrow the gap of engineering knowledge and technolgy among different members

၅။ သိသင့်သိထိုက်သည့်နည်းပညာများ လေ့လာသိရှိနိုင်ရန် နည်းလမ်းညွှန်ပြဆွေးနွေးနိုင်စေရန်
5. To point out what should be learnt and to guide the best possible ways to implement the learnning scheme in order that all on-going technologies can be reached by the members.

၆။ အဖွဲ့ဝင်များအတွင်း နှီးနှောဖလှယ်မှု၊ မေတ္တာတရားတို့ကို ရှေ့တန်းတင်ပြီး အကောင်းမြင်သောနည်းဖြင့်အင်ဂျင်နီယာ ပန်းတိုင်များချမှတ် အကောင်အထည်ဖော်နိုင်ရန်
6. To set engineering goals and implement them positively by taking the advantages of active participation, discussion and loving kindness among members

စည်းကမ်းများ (Rules of Games)

၁။ Engineering Education and Practice၊ မိမိကြုံတွေ့နေရသော အင်ဂျင်နီယာပိုင်းဆိုင်ရာ ပြဿနာများ နှင့် ပတ်သက်သော မေးခွန်းများ ကို လုပ်ငန်းပိုင်းဆိုင်ရာ (သို့ ) သုတေသန ပိုင်းဆိုင်ရာ နှင့် ဆက်စပ် မေးမြန်းရမည်။
1. All questions or problems related to engineering research, practice, industry etc. should be posted with the sufficient related explanation.

၂။ မေးခွန်းများကို အကိုးအကား၊ အထောက်အထားများနှင့်တကွ ဖြေဆို အကြံပြုရမည်။
2. Answers to the above problems should be provided with enough references and evidences. This may not be an academic work. Industrial case study should be very fine.

၃။ ဤဖိုရမ် နှင့် ပတ်သက်သော Post များကို "Engineering Forum" ဟု Label တပ်၍ တင်ရမည်။
3. All posts must be categorized under "Engineering Forum".

၎။ အင်္ဂလိပ်စာတိုးတက်မှုကိုရည်ရွယ်ထားသောကြောင့် ပထမဦးစားပေး အင်္ဂလိပ်လိုရေးသားကြရမည်။ (Engineering Forum အတွက်သာ)
4. English is supposed to be used in the forum since one of the main aim is to improve English language skills of the members.

၅။ ဆွေးနွေးသည့်အခါ ပုဂ္ဂိုလ်ရေး ဦးတည်ချက်မထားဘဲ အကြောင်းအရာပေါ်တွင်သာ ဦးတည်ဆွေးနွေးရမည်။
5. No personal approach or attack is allowed in the forum. Discussion must be centered in the engineering issues.

၆။ Specialization အလိုက် ဆွေးနွေးမှုများ ပိုမိုတွင်ကျယ်လာပါက ဖိုရမ်ခွဲများ subforum ကို ဖွဲ့စည်း ဆွေးနွေးစေမည်။
6. It is suggested that subforums are established in case there are members of different specializations and their discussions are quite comparatively interactive.

၇။ အများသိရန်မလိုအပ်သည့် အမှားအယွင်းအသေးအဖွဲများကို gtalk မှတဆင့် ကူညီအသိပေးရမည်။
7. Small odds and ends should be directed to the users by their personal e-mails or chat etc.

စိတ်မီးအိမ် အင်ဂျင်နီယာ ဖိုရမ် ဥယျာဉ်မှူးများ
Seitmeeain Engineering Forum Moderators

Wednesday, May 28, 2008

ဘာကြောင့် ပိုးမွှားစက်ရုပ် တွေ တီထွင်ဖို့ လိုအပ်သလဲ။

ဤမေးခွန်း၏ အဖြေကို မစူးစမ်းမှီ တုပဇီဝဗေဒ ဟု ခေါ်သည့် Biomimetics ဆိုသော ဘာသာရပ် အကြောင်း စတင်ဆွေးနွေးရပေမည်။ Biomimetics ဆိုသော စကားလုံးသည် Bio ဟူသော ရှေ့ဆက်စကားလုံး နှင့် mimetic ဆိုသော ပင်မ စကာလုံး တို့ကို ပေါင်းစပ်၍ တည်ဆောက် ထားခြင်းဖြစ်သည်။

Bio ဟူသော ရှေ့ဆက်စကားလုံးသည် သက်ရှိအရာများ ကို ကိုယ်စားပြုသည်။
Mimetic သည် တစုံတခုအားတုပသည် ဟု အဓိပ္ပာယ်ဆောင်သော mimic ဆိုသည့် စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။

ထို့ကြောင့် Biomimetics ဆိုသည်မှာ သက်ရှိတို့၏ ခန္ဓာကိုယ် ယန္တရား တည်ဆောက်ပုံ၊ ဖွဲ့စည်းတည်ရှိပုံ၊ အလုပ်လုပ်ကိုင်ပုံ စသည့် ဖြစ်စဉ်များကို တုပလုပ်ဆောင်နိုင်သော သက်မဲ့ စက်ရုပ်များတီထွင်အသုံးချခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။ ထို့ပြင် ၎င်းတို့နှင့် ပတ်သက်သည့်အကြောင်းအရာ များကို လေ့လာသော ဘာသာရပ် ဟုလည်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။

အတိုချူပ်အားဖြင့် Biomimetics အား တုပဇီဝဗေဒ ဟု အဓိပ္ပာယ် ဖွင့်ဆို နိုင်ပေသည်။

Robotics စက်ရုပ်ဗေဒ အား Biomimetics တုပဇီဝဗေဒ ၏ ဘာသာခွဲ တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ စက်ရုပ်ဗေဒ ဟု ပြောဆိုရာတွင် လူသားတို့ ကို တုပ၍ လူသားတို့၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးစွမ်းနိုင်သော စက်ရုပ်များ တီထွင်အသုံးပြုခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။

ထိုသို့ တီထွင်သုံးစွဲရာတွင် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ လူတို့၏ တွေးခေါ်မှု ဥာဏ်ရည် ကို စက်ရုပ်များ၏ မှတ်ဥာဏ်တွင် မည်ကဲ့သို့ ထည့်သွင်းသုံးစွဲမည်နည်း ဟူသော မေးခွန်းပင်ဖြစ်သည်။
ဥပမာ-
မြန်နှုန်းမြင့် ပရော်စက်စာ များ အသုံးပြု၍ ပုံမှန် လမ်းကြောင်းအတိုင်း သွားစေရန် ခိုင်းစေထားသော လမ်းလျှောက်စက်ရုပ်သည် သူ၏ လမ်းကြောင်းတွင် အုတ်ခဲ ကဲ့သို့သော အဟန့်အတားများတွေ့ရှိပါက မည်သို့ တုန့်ပြန် ကျော်လွှားသွားမည်နည်း။ ထိုကဲ့သို့သော အခြေအနေမျိုးကို စက်ရုပ်လူသားက ကျော်လွှားသွားနိုင်စေရန် မည်သို့သော အထူးအမိန့်များ ထည့်သွင်း စေခိုင်းမည်နည်း။ ဤနေရာတွင် လမ်းလျှောက်နေသော လူသားတယောက်၏ ဦးနှောက်သည် လမ်းလျှောက်နေစဉ် အဟန့်အတားများတွေ့ရှိပါက မည်သို့ တုန့်ပြန်၍ ခြေ၊လက်များကို မည်သို့ ခိုင်းစေသည် ကို ရှေးဦးစွာ လေ့လာရန် လိုအပ်ပေမည် ။ လေ့လာတွေ့ရှိချက်များအပေါ် မူတည်၍ စက်ရုပ်များကို လိုအပ်သလို ပရိုဂရမ်များ ဖြည့်စွက် ထည့်သွင်း ခိုင်းစေရမည် ဖြစ်သည်။ သို့ရာတွင် ထိုသို့ လေ့လာ၊ပရိုဂရမ်သွင်း၊အမိန့်ပေးခိုင်းစေ ရမည်မှာ ခက်ခဲနိုင်သကဲ့သို့ တွေ့နိုင်ခြေရှိသော အဟန့်အတား အခြေအနေများသည်လည်း အမျိုးမျိုးကွဲပြားနိုင်ပေသည်။ ထို့ကြောင့် အခက်အခဲအမျိုးမျိုးကို ကျော်လွှားနိုင်သော စက်ရုပ်များတီထွင်ရာတွင် ကုန်ကျစရိတ် အဆမတန် မြင့်မားနိုင်သကဲ့သို့ အချိန်ကြာမြင့်ကာ လိုအပ်သလောက် ထိရောက်နိုင်မည် မဟုတ်သည်မှာ ထင်ရှားလှပေသည်။
ထိုအခက်အခဲ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် သိပ္ပံပညာရှင်များ စုပေါင်း စဉ်းစား အဖြေရှာနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။ နောက်ဆုံးရရှိသည့် အသင့်တော်ဆုံးသော အဖြေမှာ Insect Robot ဟုခေါ်သော ပိုးမွှားစက်ရုပ်များတီထွင်အသုံးချရန်ပင် ဖြစ်သည်။ ပိုးမွှားစက်ရုပ်များကို ရွေးချက် ရန် ဆုံးဖြတ်ရသော အဓိက အကြောင်းအရင်းများမှာ
၁။ ပိုမွှား အင်းဆက်များသည် လူကဲ့သို့ မြင့်မားသော ဦးနှောက်၊ဥာဏ်ရည်မရှိသော်လည်း လူ့ထက်သာလွန်သော ပျံသန်းခြင်း၊ နေရာ များကို တိကျစွာ မှတ်သားနိုင်ခြင်း စသည့် ၀ိသေသများ ရှိနေခြင်း၊
၂။ အဟန့်အတားများ၊ အခက်အခဲများ နှင့် တွေ့ကြုံသောအခါ လိုအပ်သလို ယိမ်းနွဲ့ လုပ်ရှားနိုင်သော ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ ရှိခြင်း
တို့ပင် ဖြစ်ပေသည်။
ထိုကြောင့် လိုအပ်သော အသုံးပြုမှု များအတွက် ပိုမို နိမ့်သော မှတ်ဥာဏ်တု နှင့် ပိုမို ယိမ်းနွဲ့၍ အခြေအနေ၏တောင်းဆိုချက်အရ လိုအပ်သလို ပြုပြင်ဖွဲ့စည်းနိုင်သော ခန္ဓာကိုယ် ရှိသော စက်ရုပ်များကို တည်ဆောက်လိုပါက ပိုးမွှားများကို တုပရမည်ဖြစ်ပေသည်။
အထက်ပါ ဆွေးနွေးခဲ့သော အချက်များကို အခြေခံပြီး ပိုးမွှားစက်ရုပ်များကို စူးစမ်းလေ့လာ၊အဖြေရှာ၊သုတေသန ပြု၍ ကမ္ဘာတွင် စတင်တည်ဆောက် အသုံးပြုနေပြီဖြစ်သည်။ ထို့ကြောင့် တုပပိုးမွှားဗေဒသည် ယနေ့အချိန်တွင် အလွန်တက်ကြွသော သုတေသန နယ်ပယ် တစ်ခုအဖြစ် ရပ်တည်လျက်ရှိပေသည်။
သို့ဖြစ်ပါ၍ မြန်မာပြည်သူ၊ပြည်သားများ ဗဟုသုတ အလို့ငှာ အတွေးနယ်ချဲ့နိုင်စေရန် တုပပိုမွှားဗေဒ ၏ အခြေခံ သဘောတရားများကို မိတ်ဆက် ဆွေးနွေးလိုက်ရခြင်းဖြစ်ပေသည်။

စာကိုး
၁။ The Buzz about Insect Robots, Web Source: http://www.science.org.au/nova/084/084print.htm

Tuesday, January 1, 2008

"Mechanics" အား အဓိပ္ပယ်ဖွင့်ဆိုခြင်း

သူငယ်ချင်းတို့ .............
ကောင်တမန် ပြောပြတဲ့ mechanics ကြောင်းကအရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။
mechanics ကို စဉ်းစားလိုက်တော့ သု့ရဲ့ မိသားစုဝင် စကားလုံး (word family) တွေ ကို သွားသတိရပါတယ်။ mechanics ဆိုတာ machine နဲ့ mechanism တိုနဲ့ တစ်မိသားစုထဲကပါ။ နောက် ပြီး machine ဆိုတာ engine နဲ့ ညီအစ်ကို ပါ။ အဲဒီတော့ mechanics ဆိုတာ ကို သိချင်ရင်..
ပထမဦး စွာ.. machine နဲ့ engine ကို အရင် နားလည် ထားရပါမယ်။ အောက်မှာ machine, mechanism နဲ့ engine တို့ ရဲ့ အဓိပ္ပါယ် ကို ဖော်ပြပေးထားပါတယ်။
ma·chine· (mə s̸hēn′) noun
a structure consisting of a framework and various fixed and moving parts, for doing some kind of work; mechanism a sewing machine
a. any device thought of as functioning in such a way, as as electronic computer or a device for automatically answering telephone calls
mecha·nism· (mek′ə niz′əm) noun
1. the working parts or arrangement of parts of a machine; works the mechanism of a clock
2.
a. a system whose parts work together like those of a machine the mechanism of the universe
b. any system or means for doing something; esp., a physical or mental process or processes, whether conscious or unconscious, by which some result is produced; machinery

en·gine (en′jən) noun
any machine that uses energy to develop mechanical power;
esp., a machine for transmitting motion to some other machine

အထက်ပါ အဓိပ္ပါယ် တွေ ကို ကြည့်လိုက် တော့ အာလုံးဟာ စက် နဲ့ စက်ပစ္စည်းတွေ လို့ပဲ အကြမ်းပျင်း အဓိပ္ပါယ်ရပါ တယ်။ ဒါပေမယ့် သေချာ သုံးသပ်ကြည့်လိုက်တော………
machine ဆိုတာ ယန္တယား ၊ mechanism ဆိုတာ ယန္တယားအစိတ်အပိုင်း ၊ engine ဆိုတာ စက် လို့ အဓိပ္ပါယ်ရမယ်လို့ ယူဆမိပါတယ်။ ဒီနေရာ မှာ ယန္တယား ဆိုတာ ပါဠိဘာသာစကားဖြစ်နေပါတယ်။ “စက်” ဆိုတဲ့ စကားလုံး ဘယ်ကစလဲ ဆိုတာတော့ မသိသေးပါဘူး..။
machine ရဲ့ အဓိပ္ပါယ် ကို ပါဠိ အဘိဓာန်တွေမှာ အောက်ပါ အတိုင်း အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။

Definitions of “machine” in Pali Language
machine = yanta - (nt.)
machine = yanyam sampādeti - (v.t.)
machine = yantakammaṃ karoti - (v.t.)
machinery = yantasamūha - (m.)

နောက်ပြီး… ယန္တ ရဲ့ အဓိပ္ပါယ်ကို ပါဠိ-အင်္ဂလိပ် အဘိဓာန်မှာ အခုလို ဖွင့်ဆိုပါတယ်။
Definitions of “yanta” in English
yanta = machine - (nt.)
yantakammaṃ karoti = machine - (v.t.)
yantasamūha = machinery - (m.)
yantasippī = machinist - (m.)
yantasippī = mechanic - (m.)
yantavisayaka = mechanical - (adj.)
yantasippānugata = mechanical - (adj.)
yantasippānusārena = mechanically - (adv.)
yantasippa = mechanics - (nt.)
yantaracanā = mechanism - (f.)
yantasippī = mechanist - (m.)
yantasamūha = plant - (pp.)
yantamaya-purisa = robot - (m.)
yantasadisapuggala = robot - (m.)

အထက်ပါ အဓိပ္ပါယ်တွေ ထဲမှာ ယန္တသိပ္ပ ကို mechanics လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
yantasippa = mechanics - (nt.) ဒီနေရာ မှာ သိပ္ပ ရဲ့ အဓိပ္ပါယ် ကိုသိဖို့ လိုလာပါတယ်။
အောက်ပါ ဖော်ပြချက်တွေကတော့ သိပ္ပရဲ့ အင်္ဂလိပ် ဘာသာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေပါ။
Definitions of “sippa” in English
sippantevāsi = apprentice - (m.)
sippa = art - (nt.)
sippakosalla = artifice - (nt.)
sippānugata = artistic - (adj.)
sippa = craft - (nt.)
sippanimmita = factitious - (adj.)
sippa = handicraft - (nt.)
sippa = industry - (nt.)
sippa = learning - (nt.)
sippāyatana = studio - (nt.)
sippanissita = technical - (adj.)
sippāyattavasena = technically - (adv.)
sippakalā = technics - (f.)
sippavijjā = technology - (f.)
sippasālā = workshop - (f.)

ဒီနေရာမှာ သိပ္ပရဲ့ အဓိပ္ပါယ်တွေထဲက learning လေ့လာခြင်း ဆိုတဲ့ အဓိပ္ပါယ်ကိုယူပါမယ်။
sippa = learning - (nt.)

ဒါဆိုရင် နိဂုံးချုပ်လို့ရပါပြီ….
ကောင်းတမန် ဖော်ပြပေးတဲ့ အဓိပ္ပါယ် တွေထဲ က ဒုတိယတစ်ခုဖြစ်တဲ့
me·chan·ics []mə kánniks
2. making and running of machines: the application of the science of mechanics to the design, making, and operating of machines ( takes a singular or plural verb )
ဆိုတာကို မြန်မာဘာသာစကားနဲ့ အအောက်ပါအတိုင်း ပြန်ဆိုနိုင်လိမ်မယ်လို့ ယူဆမိပါတယ်။

me·chan·ics []mə kánniks
ယန္တသိပ္ပ
Mechanics (ယန္တသိပ္ပ) ဆိုတာ ယန္တယား နှင့် ယန္တယားအစိတ်အပိုင်းတို့၏ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံ နှင့် အသုံးပြုပုံတို့ ကို လေ့လာခြင်း… ဟုယူဆမိပါသည်။

ကောင်းတမန် ဖော်ပြပေးတဲ့ အဓိပ္ပါယ် တွေထဲ က ပထမ တစ်ခုဖြစ်တဲ့
Definition:
1. study of energy and forces: the branch of physics and mathematics that deals with the effect of energy and forces on systems ( takes a singular verb )
ဆိုတာကတော့ Mechanics (ယန္တသိပ္ပ)ရဲ့ အနူစိတ် အပိုင်းဖြစ်တဲ့ ယန္တယား နှင့် ယန္တယားအစိတ်အပိုင်းတို့အပြန်အလှန်သက်ရောက်သော စွမ်းအင် နှင့် အား တို့ကို
သင်္ချာနည်းအားဇြင့် တွက်ချက်လေ့လာခြင်း
.. ဟုယူဆမိပါသည်။ …… ။

ခိုင်မြဲ
မှတ်ချက်။ ။ လိုအပ်ချက်များ ကျန်ရှိနေပါက ဖြည့်စွက်ပေးရန်မျှော်လင့်ပါသည်၊

Sunday, December 23, 2007

engineering words in Burmese language

အင်၊ယာ ဖိုရမ် မှာ တစ်ခုခု ကို တော့ ဆွေးနွေးဖြစ်အောင် ဆွေးနွေးမယ် ဆိုပြီး မဆွေးနွေးဖြစ်ကြဘူး။ ဒါပေမယ့် စဉ်းစားကြည့်ရင်း တိုတိုထွာထွာ နဲ့ ထိရောက်တာလေးတွေ ဆွေးနွေးချင်စိတ် ပေါက်လာလို့ ဒီပို့စ် ကစပြီး ဆွေးနွေးကြမယ်ဗျာ။

အင်္ဂလိပ်လို အဓိက ထားဆွေးနွေးဖို့ သဘောတူ ထားပေမယ့် အင်၊ယာ ဘာသာရပ် အတွက် မြန်မာလို

ဝေါဟာရ တွေ လိုအပ်မှု၊ အင်၊ယာ စာပေ ကို မြန်မာဘာသာ နဲ့ မရှိသေးတာတို့ကြောင့် အင်၊ယာ

ဝေါဟာရ တချို့ကို မြန်မာလို ဘယ်လို ပြန်ဆို သင့်လည်း ဆို တာကို ဆွေးနွေးချင်လို့ မြန်မာလို ဆွေးနွေးလိုက်တာပါ။

ဝေါဟာရ တွေ ကို မြန်မာ ဘာသာ ပြန်ဆို ဖို့ဆိုတာ လွယ်တာမှ မဟုတ်ပါ။ သို့သော် အားလုံးဝိုင်းဝန်း စဉ်းစားထားသင့်တဲ့အချက်မို့ ဆွေးနွေးခွင့်ပြုပါ။

ဒီပို့စ် မှာ mechanics ဆိုတဲ့ စက်မှု အင်၊ယာ ဘာသာရပ်အတွက် အဓိက ကျတဲ့ ဝေါဟာရ ကို မြန်မာလို မည်သို့ ပြန်ဆို ကြမလဲ ဆွေးနွေးလိုပါတယ်။ အောက်မှာ မိုက်ခရိုဆော့ဖ် စွယ်စုံကျမ်းက ဖွင့်ဆိုတဲ့ အင်္ဂလိပ်လို မူရင်း တင်ပေးလိုက်ပါတယ်။ wikipedia က အဓိပ္ပာယ်ဖွင့်ဆိုတာကို လည်း တင်ပေးလိုက်ပါတယ်။

မိုက်ခရိုဆော့ဖ် စွယ်စုံကျမ်း

me·chan·ics [ mə kánniks ]

noun

Definition:

1. study of energy and forces: the branch of physics and mathematics that deals with the effect of energy and forces on systems ( takes a singular verb )

2. making and running of machines: the application of the science of mechanics to the design, making, and operating of machines ( takes a singular or plural verb )

 

ဝိကိုပက်ဒီယာ

Mechanics (Greek Μηχανική) is the branch of physics concerned with the behaviour of physical bodies when subjected to forces or displacements, and the subsequent effect of the bodies on their environment.

The discipline has its roots in several ancient civilizations: ancient Greece, where Aristotle studied the way bodies behaved when they were thrown through the air (e.g. a stone); ancient China, with figures such as Zhang Heng, Shen Kuo, and Su Song; and ancient India, with thinkers such as Kanada, Aryabhata, and Brahmagupta. During the Middle Ages, significant contributions to mechanics were made by Muslim scientists, such as Muhammad ibn Musa, Alhacen, Avicenna, Avempace, al-Baghdadi, and al-Khazini. During the early modern period, scientists such as Galileo, Kepler, and especially Newton, laid the foundation for what is now known as Newtonian mechanics.

 

 

Mechanics ဆိုတဲ့ စကားလုံး ကို ဘယ်လို မြန်မာ လို ပြန်ဆိုသင့်တယ် ဆိုတာနဲ့ သူရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ကို ၀င်ရောက်ဆွေးနွေးဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။

Wednesday, November 7, 2007

INTRODUCTION TO ELECTRONIC ENGINE CONTROL SYSTEMS

Nowadays, most of the machines use electronic controlled engines which are more powerful and consume less fuel rather than normal conventional engines. Also, these electronic engines meet environmental requirements of exhaust emission.

These engines have an ECU, Electronic Control Unit, which will collect all the information from engine operation systems, the same as with conventional engines. It is like a human brain which controls the body. It acts as the brain of the engine and it controls the engine operating systems. As the human brain receives information from eyes, ears and hands etc, the ECU incorporates sensors to know engine operation condition such as ambient air temperature, charge air temperature, coolant temperature, oil temperature and engine rpm etc. Operating software, like a reasonable thinking in the human brain, is installed in the ECU to control engine operations according to the information from the sensors. So, without the ECU the engine will not operate, and without sensors the ECU cannot control the engines
.



Electronic Control Unit and Sensors of Volvo D12C (EC 460B)

The ECU needs many sensors to know engine condition and it uses “Temperature Sensors” to know coolant temperature, charge air temperature and oil temperature, and “Pressure Sensors” to know charge air pressures, fuel pressures and oil pressures. Now the ECU knows temperatures and pressures of engine operating systems, but not yet the engine rpm nor piston position in the cylinder to inject fuel into the cylinder at the correct firing order. Piston position depends on the rotation of crankshaft, and firing order depends on the rotation of camshaft. In which case a sensor is installed over the camshaft timing gear to know which cylinder is at TDC with compression stroke to inject fuel into the cylinder. This sensor is called “Camshaft Position Sensor”, and it tells the ECU which cylinder is at TDC with compression stroke to inject fuel. In this way it detects which cylinder is ready to fire at TDC. And then a sensor is installed over the crankshaft or over the flywheel on some engines to count engine rpm and to know accurate piston position, and this sensor is called “Crankshaft Speed Sensor”. Both of these sensors are also called “Speed Sensors” because they also count engine rpm. In the Electronic Engine Control System, fuel system is electronically controlled so that each cylinder can be separately controlled. For this reason, Electronic Unit Injection Pumps or Electronic Unit Injectors are used for each cylinder. The pumps are mechanically actuated by the camshaft and electronically controlled by the ECU.


Electronic Controlled Unit Pump

Volvo D6D Engines and D7D Engines use Electronic Unit Injection Pumps. Electronic Unit Injection Pumps have solenoid-operated valves and pumping action and high pressure are due to the upward movement of the plunger in the unit pump body. The plunger is pushed upward by the cam lobe on the camshaft. High pressure fuel is injected into the cylinder from the nozzle. The ECU controls the fuel injection by energizing or de-energizing the solenoid valve to start or stop the injection into the cylinders.


Electronic Controlled Unit Injector

Volvo D12C Engine of EC460B Excavator uses Electronic Unit Injectors. Unit Injector is a combination of a pump and a nozzle. Unit Injectors are placed directly above the cylinders and this system needs overhead camshaft. Unit injectors have solenoid-operated valves and pumping action and high pressure are due to the downward movement of the plunger in the injector body. The plunger is pushed downward by the cam lobe on the camshaft. So the fuel injection is controlled by energizing or de-energizing the solenoid valve in the pump to start or stop injection into the cylinder.

In this way, the electronic control system operates the engine by controlling the Electronic Unit Injectors to deliver fuel according to a given set of engine conditions, in precise amounts, and at a precise time in relation to piston position. In order to achieve this, the control system performs the following functions:

• Constantly monitor engine operating conditions
• Precisely determines piston position
• Deliver optimum amount of fuel for a given set of operating conditions
• Deliver fuel at optimum piston position
• Provide multiple control modes
• Perform self-diagnosis

In coming up issues: “How the ECU performs during Engine Starting Mode and Engine Running Mode” will be presented.

Thursday, November 1, 2007

Somebody help us. Properties of caltex T-32 torque oil needed!

Hi !

Everybody in the forum,

One of my friend is finding the chemical and thermal properties of CALTEX T-32 torque oil. It is used in the locomotive torque converter. Maybe the torque oil is pretty old. But according to her, some locomotive industries in Myanmar are still using that type of fluid.

She needs it for her research. Hope somebody help us.